ပေါင်ဝန်စားသောက်ဆိုင် (Pao Wun Restaurant)

သစ်သားအခြေခံတည်ဆောက်ထားပြီး သဲဖြူကြမ်းခင်းကာ သပ်ရပ်သန့်ရှင်းသော သစ်သားစားပွဲခုံများဖြင့် အပူ၊ အအေး၊ အဆာပြေစားစရာများ၊ နေ့လည်စာများ သုံးဆောင်နိုင်ပါသည်။ တခါတရံ မောရုံကမ်းခြေမှ အုန်းစိမ်းရည် လတ်လတ်ဆတ်ဆတ် ရရှိနိုင်ပါသည်။ အများပြည်သူလာရောက်လည်ပတ်သည့်နေရာဖြစ်ပြီး အထူးသဖြင့် ကလေးငယ်များကို ဦးစားပေးသည့်နေရာဖြစ်၍ အယ်လ်ကိုဟောများသည့် အရက်ရောင်းချခြင်း မရှိသော်လည်း ဘီယာအချို့ မှာယူသုံးဆောင်နိုင်ပါသည်။ နေ့စဥ်အထူးအစီအစဥ်ဖြင့် ရခိုင်ရိုးရာ မုန့်တီနှင့် ရခိုင်အသုတ်များ အလှည့်ကျ ထည့်သွင်းရောင်းချပေးပါသည်။ မြပတ္တမြားကွမ်းယာမှာ ယခုအခါ လူကြိုက်များသည့် အရသာဖြင့် လျှာပေါ်စွဲ အားပေးနေကြပြီဖြစ်ပါသည်။



Leave a Reply

Your email address will not be published. Required fields are marked *