လှေဦးပုံဒါန်း (Swing Set on Ship’s Bow-Shaped)

ပေါင်ဝန်ဥယျာဥ်တောင် ပထမအဆင့်နှင့် ဒုတိယအဆင့် အကြားတွင်တည်ရှိသည်။ ကျောက်နံရံထဲမှ လှေဦး ထွက်ပေါ်လာသည့် ပုံစံအားတည်ဆောက်ထားပါသည်။ လှေဦးပေါ်တွင် ပန်းခက်များဖြင့် မွမ်းမံတန်ဆာ ဆင်ထားသော ကြိုးမြင့်မြင့်ဖြင့်ချိတ်ဆွဲထားသော ဒါန်းတစ်ခု ဖန်တီးထားပါသည်။ လှေဦးထိပ်တွင် ဘုံလုံတိုင်နှစ်ခု ထားရှိပြီး ယင်းပေါ်တွင် ချစ်သူစုံတွဲများ တိုင်တန်းနစ်ရုပ်ရှင်ဇာတ်ဝင်ခန်းလို ရိုမန့်တက်ဆန်ဆန် ဓါတ်ပုံရိုက်ကူး နိုင်ပါသည်။ ဘုံလုံတိုင်ပေါ်တွင် ရပ်၍ ဓါတ်ပုံအရိုက်ခံဖို့မှာလည်း အမြင့်ကြောက်သူအတွက် သည်းထိတ်ရင်ဖို ဖွယ်ရာပင်။ ဘေးကြောင်လိမ်လှေကားမှဆင်း၍ လှေအောက်မှ ဓါတ်ပုံပင့်ရိုက်နိုင်ရန်စီစဥ်ထားသဖြင့် ကောင်းကင်နောက်ခံထားကာ လေပေါ်လွှင့်နေသည့် ပုံကောင်းကောင်းများ ရရှိမည်မှာ ဧကန်ပင်ဖြစ်သည်။ သစ်သားခင်းထားသော နေရာကျယ်ဖြစ်၍ အဖွဲ့လိုက်ပုံများ ကောင်းစွာ ရိုက်ကူးနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *