နဝရူပ – ဗျာလ
==========
“အဗျလော လာဘော၊ ယဿတိဗျာလော”
ယဿ – အကြင် သတ္တဝါ ၉ မျိုးတို့၏ အစိတ်အပိုင်းဖြင့် တန်ဆာဆင်အပ်သော သတ္တဝါအား
အဗျာလော – ဘေးဥပါဒ်ကို မဖြစ်စေတတ်ဘဲ
လာဘော – လာဘ်လာဘကိုသာ ဖြစ်တတ်၏
ဣတိ – ထို့ကြောင့်
ဗျာလော – ဗျာလ ဟူ၍ ခေါ်၏။.
အင်္ဂါရပ် ၉ မျိုး
==========
၁။ ဆင်နှာမောင်း – မြင့်မြတ်သောဆင်ဖြူရတနာ၏ တစ်ကိုယ်လုံးတွင် အသုံးဝင်ဆုံးသော နှာမောင်းကို အားတစ်ပါးအဖြစ် ထည့်သွင်းခြင်း
၂။ သမင်မျက်လုံး – တောက်ပကြည်လင်၍ အပြစ်ကင်းစင်သော သမင်မျက်လုံးကို အားတစ်ပါးအဖြစ် ထည့်သွင်းခြင်း
၃။ ကြံ့ချို – ရန်သူနှင့်တွေ့လျှင် ရဲရင့်တည်ကြည်သော စိတ်ဖြင့် တဟုန်ထိုး ကော်ပစ်တတ်သော ကြံ့၏ တစ်ခုတည်းသော လက်နက်ကို အားတစ်ပါးအဖြစ် ထည့်သွင်းခြင်း
၄။ ကြက်တူရွေးလျှာ – သတ္တဝါတို့အနက် လူသားတမျှ စကားပြောတတ်သော ကြက်တူရွေး၏လျှာကို အားတစ်ပါးအဖြစ် ထည့်သွင်းခြင်း
၅။ ငါးကြင်းကွက်ကိုယ်ထည် – ကျန်းမာသန်စွမ်းစေ၍ သွေးအားပြည့်ဖြိုးစေသည်ဟု ယူဆ၍ ရခိုင်လူမျိုးတို့ မင်္ဂလာအထိမ်းအမှတ် အဖြစ် ရှေးယခင်ကပင် အသုံးပြုကြသော ငါးကြင်း ၂ ကောင်၏ ကြေးခွံ အကွက်ကို အားတစ်ပါး အဖြစ် ထည့်သွင်းခြင်း
၆။ စာမရီမြီး – သာယာနာပျော်ဖွယ်အသံကို ပိုင်ဆိုင်ပြီး မြင့်မြတ်၍ ရဲစွမ်းသတ္တိရှိသော စာမရီငှက်၏ ရှုချင်စဖွယ်အဆင်းနှင့်ပြည့်စုံသော အမြီးကို အားတစ်ပါးအဖြစ် ထည့်သွင်းခြင်း
၇။ မြင်းနားရွက် – လျင်မြန်ဖြတ်လတ်ရာတွင် သူမတူသော မြင်းတို့၏ အဘိအာရံုတရားကို ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသော နားရွက်ကို အားတစ်ပါးအဖြစ် ထည့်သွင်းခြင်း
၈။ ခြင်္သေ့လက်၊ခြေ၊ခေါင်း၊လည်ဆံ – ရဲရင့်ခြင်း၊ သူရသတ္တိနှင့်ပြည့်စုံခြင်း၊ လုံ့လဝိရိယရှိခြင်း၊ စည်းစနစ်ကျခြင်းတို့ဖြင့် ပြည့်စုံသော သားရဲတိရစ္ဆာန်တို့၏ ဘုရင် ကေသရာဇာခြင်္သေ့မင်း၏ အင်္ဂါရပ်များကို အားတစ်ပါးအဖြစ် ထည့်သွင်းခြင်း
၉။ ကျားစွယ် – ဖြူသောအဆင်းရှိ၍ ပြောင်လက်ချွန်မျှနေသော အဆိပ်ပြင်းထန်သည့် ကျားစွယ်သည် မဟုတ်မခံစိတ် ပြင်းထန်ပြီး ရဲရင့်ကာ ကြောက် မက်ဘွယ်ကောင်းကြောင်း ညွှန်ပြနေသည့် သင်္ကေတကို အားတစ်ပါးအဖြစ် ထည့်သွင်းခြင်း
ဗျာလ်- ပါဠိအဓိပ္ပာယ်အား ဆရာတော်များ၏ ဖွင့်ဆိုချက်
ဆရာတော် အသျှင် ရာဌသာရ – တန်ခိုးဖြင့် စွမ်းဆောင်နိုင်သည်။
ဆရာတော် အသျှင် စက္ကိန္ဒ – အထူးပျော်ရွှင် ချမ်းမြေ့ခြင်း သဘောရှိသည်။
ကိုးကား – တက်ထွန်းနီ (မြောက်ဦး)
ရခိုင် ဗျာလ် (Mythical Antelope)
*******************************************************************************
မြပတ္တမြားဥယျာဉ် အဝင်ဝက ရခိုင့်ကျက်သရေဆောင် ဗျာလ ရုပ်တု၏ အတိုင်းအတာများ
*******************************************************************************
ပလ္လင် – ၂၂’ ၆” x ၈’ ၃” x ၃’ ၉”
ကိုယ်ထည် – ၂၀’ x ၄’ ၆” x ၅’ ၃”
နှာမောင်းထိပ်စွန်း – ၁၁’ ၅”
အမြီး – ၇’ ၅” x ၅’ ၆”
===========================
အထူးကျေးဇူးတင်ရှိခြင်း
************************
ရုပ်ထုပုံဖော် – ကိုညီညီ နှင့်အဖွဲ့
ဆေး – ကိုအောင်ကျော်ဦး နှင့်အဖွဲ့
နေရာ
^^^^^
မြပတ္တမြားဥယျာဉ် (Emerald Ruby Garden)
ဂေါ့၊ ငပလီ (Gawt, Ngapali, Myanmar)