ရခိုင်လူမျိုးတို့၏ ကျက်သရေဆောင် သတ္တဝါ ၉ မျိုး၏ အားမာန်အသီးသီးကို ထည့်သွင်းစီရင်ထားသော လာဘ်ကောင်ဖြစ်ပါသည်။
ဒီရေတောတလျှောက် ဖောက်လုပ်ထားသော သစ်သားတံတားဖြစ်ပြီး သဘာဝအလှတရားပံ့ပိုးထားသော လှပသည့် နေရာလေးတစ်ခုဖြစ်ပါသည်။
မနက်စာ၊ နေ့လည်စာ အပူ၊အအေးနှင့် စားသောက်ဖွယ်ရာများ မှာယူစားသောက်နိုင်ပါသည်။
အပျော်စီး ဘဲလှေ၊ ကနူးလှေများဖြင့် မြကန်အတွင်း ပျော်ရွှင်စွာ ဆော့ကစား နိုင်ပါသည်။
ရခိုင်ရိုးရာဝတ်စုံဖြင့် မောင်နှမနှစ်ယောက်နှင့်အတူ အမှတ်တရ ဓါတ်ပုံရိုက်နိုင်သည်။
လှေဦးပေါ်တွင် လှပတင့်တယ်နေသည့် သစ်သားဒါန်းပေါ်ထိုင်ရင်း တောင်ပေါ် ရှုခင်းအလှနှင့် ပေါင်းစပ်၍ ဓါတ်ပုံရိုက်ရန် အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပါသည်။
ပေါင်ဝန်ဥယျာဥ် အတွင်း ရေသူမရုပ်ထု၊ အပါချီရုပ်ထု၊ ရွှေသမင်မိသားစုရုပ်ထုများ၊ ပိုးတုံးလုံးစုံတွဲရုပ်ထု၊ ဒေါင်းစုံတွဲ ရုပ်ထု၊ တံငါသည်အဘိုးအိုရုပ်ထုနှင့် အခြားရုပ်ထုလေးများ၊ ဆင်ရေပန်းအဝိုင်းတို့နှင့်အတူ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူနိုင်ပါသည်။
ငပလီကမ်းခြေရောက် ချစ်ဧည့်သည်များ “ပေါင်ဝန် ဘယ်လိုသွားရလဲ” မေးနေသူများအတွက် လက်ကမ်းလမ်းညွှန်လေး ဝေမျှပါရစေ။ ဓါတ်ပုံလှလှရိုက်ရင်း ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ကြပါစေ။