ပေါင်ဝန်တံတား (Pao Wun Bridge)

၂၀၁၉ ဖေဖေါ်ဝါရီလတွင် မြပတ္တမြားဥယျာဥ်အတွင်းမှ သံတွဲမြစ်လက်တက်တစ်ခုဖြစ်သော ထီးရိုးချောင်းမှ တဆင့် ပင်လယ်ထွက်ပေါက်အား တွေ့ရှိလေ့လာခဲ့ပြီး အန္တရာယ်မရှိသော၊ လှပအေးချမ်းသာယာသည့် အပျော်စီးလှေဖြင့် သွားလာနိုင်သည့် အခြေအနေရှိသောကြောင့် ငပလီကမ်းခြေအလည်လာသူများ လည်ပတ်စရာတိုးပွားစေရေးနှင့် ဒေသခံများအလုပ်အကိုင်ရရှိစေရေး ရည်ရွယ်ချက်ဖြင့် လှေငယ်များ ဆိုက်ကပ်ရန် နေရာရွေးချယ်၍ သစ်သားတံတားထိုး ဆိပ်ခံတံတားတည်ဆောက်ရာမှ အဆိုပါတံတား ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။

မူလအစ တံတားအရှည် ပေ (၅၀၀) ခန့်ရှိရာမှ ယခုအခါ လာရောက်လည်ပတ်သူများ၏ တံတားအရှည်တိုနေသည်ကို အားမရကြောင်း၊ ချောင်းတွင် အဆုံးသတ်ထားခြင်းနှင့် ယင်းနေရာမှ လှည့်ပြန်ရသည်ကို မနှစ်သက်ခြင်း အစရှိသည့် ဧည့်သည်များ၏ မှတ်ချက်အပေါ် သုံးသပ်၍ ချောင်းကျော်ဖြတ်ကာ ကွေ့ပတ်၍ ဥယျာဥ်ဘက် ပြန်လည်ရောက်ရှိစေရန် ပတ်လမ်းတစ်ခု တိုးချဲ့တည်ဆောက်လျက်ရှိပြီး တံတားတည်ဆောက်ပြီးစီးပါက စုစုပေါင်း အရှည် ပေ (၁၀၀၀) ကျော်မည် ဖြစ်ပါသည်။

ဒီရေတောထိန်းသိမ်းရင်း မဆန်းပြားပေမယ့် ခမ်းနားနေသည့် ဒီရေတောအလှ နောက်ခံထားကာ သစ်သားတံတားအလှ ထပ်ဆင့်လောင်းရင်း ဓါတ်ပုံရိုက်သူတို့ အကြိုက်တွေ့နှစ်ခြိုက်နေသည့် နေရာတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

theme view

Leave a Reply

Your email address will not be published. Required fields are marked *