ပေါင်ဝန်တံတား
**************
နောက်ခံသမိုင်းအကျဉ်း
*********************
၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် မြပတ္တမြားဥယျာဉ်အတွင်းရှိ မြစ်ချောင်းမှတဆင့် ဆင်ခေါင်းပင်လယ်ဝသို့ အပျော်လှေစီးခရီး (boat trip) စီစဉ်နိုင်ရေး ဆိပ်ခံတံတားနေရာရွေးချယ်ရာမှ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
 
သစ်သားတံတားဒီဇိုင်းရွေးချယ်မှု
******************************
တစ်နေ့တာအတွင်း အချိန်မရွေး လှေငယ်များ ဆိုက်ကပ်/ထွက်ခွာနိုင်ရေး ရေအတက်အကျ စောင့်ရန်မလိုသည့် ကုန်းမြေမှ ပေါင်းကူးဆက်သွယ်နိုင်ရေး တံတားထိုးရန် ဒီဇိုင်းထုတ်သည့်အခါ ဒီရေတောအုပ်လေးနှင့် လိုက်ဖက်မည့် သစ်သားတံတားထိုးရန် ဆုံးဖြတ်ခဲ့ပါသည်။
ခေတ္တစောင့်ဆိုင်းနားခိုရန် တံတားအစနှင့်အဆုံးတွင် အမိုးပါနားခိုရန်နေရာအပါအဝင် တံတားအရှည် ပေ၅၀၀ ခန့်ရှိပြီး တံတားပေါ်ဖြတ်သန်းသွားလာစဉ်အတွင်း ရင်ခုန်စိတ်လှုပ်ရှားမှုဖြင့် သတိထားသွားလာကြစေရန် ရည်ရွယ်၍ တံတားလက်ရန်းများအား ထည့်သွင်တပ်ဆင်ခြင်း မပြုခဲ့ပါ။
 
ပေါင်ဝန်ဟူသည်
***************
ပေါင်ဝန်တံတားဟူ၍ အမည်နာမ သတ်မှတ်ချက်မှာ အင်္ဂလိပ်အက္ခရာ အတိုကောက်အစ စာလုံးများဖြစ်သော Pleasant Aromatic Odour, Wonderful Unforgettable Nature မှ ထုတ်ယူပေါင်းစပ်ကာ – နှစ်လိုဖွယ်ကောင်းသတင်းရနံ့နှင့်ပြည့်စုံပြီး အမြဲအမှတ်ရနေမည့် သဘာဝအလှကိုအခြေခံထားသော ထူးခြားသောနေရာ အဖြစ် အဓိပ္ပာယ်ရပါသည်။
 
စီစဉ်ထားရှိမှု
************
ပေါင်ဝန်တံတားဧရိယာအတွင်း ဟော်လိုနန်းတော်မျှော်စင်၊ ပေါင်ဝန်ရုပ်တု၊ လှေဦးဒါန်း၊ ရေသူမရုပ်တု၊ ရခိုင်မောင်နှမရုပ်တု တို့နှင့် အလှဓါတ်ပုံများ ဖန်တီးနိုင်ပြီး ဒီရေတောနောက်ခံ ပေါင်ဝန်တံတားပေါ်က မော်ဒယ်အချောအလှများ များစွာပေါ်ထွန်းခဲ့သည့်အပြင် ယခုအချိန်အခါတွင် Pre Wedding Photo Boot အဖြစ် မင်္ဂလာမဆောင်မီ အလှဓါတ်ပုံများ လာရောက်ရိုက်ကူးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။
 
ဂေါ့ရပ်ကွက်၊ ငပလီမြို့