တန်ဆောင်တိုင်လပြည့်နေ့ ဆီမီးထွန်းညှိပူဇော်ပွဲနှင့် ဆီမီးမျှောပွဲ ကျင်းပမည်

ဆီမီးထွန်းညှိပူဇော်ပွဲနှင့် ဆီမီးမျှောပွဲ

တန်ဆောင်တိုင်လပြည့်နေ့ (၁၈-၁၁-၂၀၂၁) တွင် ဆီမီးထွန်းညှိပူဇော်ပွဲနှင့် ဆီမီးမျှောပွဲကို မြပတ္တမြားဥယျာဥ် အတွင်း ကျင်းပသွားမည်ဖြစ်၍ အဆိုပါနေ့ တစ်ရက်ထဲ ဥယျာဥ်အား ည (၉) နာရီအထိ ဖွင့်လှစ်ပေးထားမည် ဖြစ်ပါသည်။

ဘာသာရေးပွဲတော်နေ့ ဖြစ်၍ အရက်သေစာသောက်စား ထားသူများအား ဝင်ခွင့်မပြုကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

ဆီမီးမျှောခြင်းအား မြကန်အပျော်စီးဘဲလှေဆိပ်ခံတံတားတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး လမ်းတလျှောက် ဆီမီးတိုင်များ ထွန်းညှိထားကာ ပေါင်ဝန်ဥယျာဥ်အတွင်း ဆီမီးခွက်များ ထွန်းညှိပူဇော်ထားမည် ဖြစ်ပါသည်။

မြပတ္တမြားဥယျာဥ်တွင်တည်းခိုသူများအနေဖြင့် ဆီမီးမျှောပူဇော်ရန် ဆီမီးခွက်များ လက်ဆောင်ပေးဝေ သွားမည်ဖြစ်ပြီး ဧည့်သည်များ ဆီမီးမျှောလိုပါက စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည် ဖြစ်ပါသည်။

ချမ်းမြေ့ပျော်ရွှင်သာယာသောနေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ။

 

Leave a Reply

Your email address will not be published. Required fields are marked *