မြကန်အပျော်စီးဘဲလှေ (Emerald Pool with Funny Duckling Boat)

မြပတ္တမြားဥယျာဥ်အတွင်းရှိ ‌ရွှေလမ်း (အပြန်လမ်း)နှင့်ငွေလမ်း (အဝင်လမ်း)ဆုံရာတွင် တည်ရှိသည်။ ကလေးသူငယ်များ၊ လူရွယ်လေးများ ပျော်ရွှင်စွာ လှော်ခတ်၊ ခြေနင်းကစားနိုင်ကြစေရန် ရည်ရွယ်ဖန်တီးထား ပါသည်။ လှေစီးလှေလှော်မကျွမ်းကျင်သေးသူများ ကန်ကြီးအတွင်းသာ စီးနင်းကြစေလိုပြီး ပဲ့ထိန်းကျွမ်းကျင်သူ များသာ ဓနိတန်းချောင်းလေးအတိုင်း တစ်လမ်းမောင်း ကွေ့ဝိုက်စီးနင်းကြစေလိုပါသည်။ ရေအနက် ၅ ပေ စွန်းစွန်းသာ ရှိသော်လည်း ရေကြောက်သူများ အန္တရာယ်ကင်းစေရန် အသက်ကယ်အင်္ကျီများ အခမဲ့ငှားရမ်း ဝတ်ဆင်နိုင်ပါသည်။ ဘဲလှေ၊ ကနူးလှေ၊ ရိုးရိုးလှေ အစသဖြင့် အမျိုးအစားများရှိသော်လည်း တစ်ီး (၁၅) မိနစ်လျှင် (၁၀၀၀) ကျပ်သာ ကျသင့်သည်မို့ ပျော်ရွှင်စွာ လှေစီးကြရအောင်ပါ။



Leave a Reply

Your email address will not be published. Required fields are marked *